Explore All Courses
Browse our complete catalog of professional expert-led courses.
Javascript Language
JavaScript is one of the most fundamental programming languages. To learn it, you need to have a basic understanding of design principles.
Penetration Testing
This course is intended for those who are already proficient with computers and capable of effectively setting up labs and exploits. The curriculum covers how to perform penetration testing on web applications, as well as how to submit reports for any discovered bugs.
Termux Essentials For Beginners
Linux Terminal လိုမျိုးဖုန်းမှာအသုံးပြုရသော Termux အကြောင်းဖြစ်ပါတယ်။ Termux Tool ရဲ့စွမ်းဆောင်ရည်များနှင့် Command များကိုသေချာရှင်းပြထားပါသည်။ powerful tool တစ်ခုဖြစ်တာကြောင့် Android ဖုန်းများဘယ်လောက်အထိ အလုပ်လုပ်နိုင်တယ်ဆိုတာကိုကောင်းကောင်းနားလည်သွားမှာဖြစ်ပါသည်။
Developing Platforms With AI
AI ကိုအသုံးပြုပြီး Platform ရေးဆွဲနည်းများကိုသေချာရှင်းပြမှာဖြစ်ပြီး လုပ်ငန်းလည်ပတ်နိုင်သည်အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Website တစ်ခုမှာရှိတဲ့ အခေါ်အဝေါ်တွေကိုကောင်းကောင်းနားလည် ထားဖို့လိုအပ်သော knowledge များကိုလည်း သေချာရှင်းပြပေးမှာဖြစ်တာကြောင့် AI ကိုအသုံးပြုပြီး Platform များဖန်တီးချင်သူများ၊ စီးပွားရေးလုပ်ငန်းထဲမှာ ကျင်လည်ချင်သူများတက်ရောက်သင့်ပါသည်။
PHP Basic
PHP သင်ခန်းစာကိုတော့ Website များရေးဆွဲခြင်းအတွက်စီစဉ်ထားခြင်းဖြစ်ပါတယ်။ သင်ခန်းစာတစ်ခုချင်းကိုသေချာ ရှင်းလင်းပြထားသောကြောင့် သင်တန်းသားတိုင်းနားလည်လွယ်နိုင်မယ်လို့ထင်ပါတယ်။ Group လည်းရှိတာကြောင့် နားမလည်တာများကို တိုက်ရိုက်သော်လည်းကောင်း group ထဲမှာသော်လည်းကောင်းမေးမြန်းနိုင်ပါသည်။
Bug Bounty Hunter
Bug Bounty Class အတွက်Network Basic, Programming Language Basic, Database များအကြောင်း သိထားဖို့လိုအပ်ပါတယ်။ ဒါတွေကိုမသိသေးဘူးဆိုရင်တော့ တခြား course တွေကိုအရင်ဆုံးရွေးချယ်ပြီး တက်ရောက်ဖို့လိုအပ်ပါသည်။ ဒီသင်ခန်းစာတွေမှာတော့ ထို အရာတွေကိုထည့်သွင်းသင်ကြားပေးသွားမှာမဟုတ်ပါဘူး။ Bounty Hunter တစ်ယောက်ဖြစ်လာအောင် သေချာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းသားတိုင်းသေချာလိုက်ပြီး လေ့လာဖို့လိုအပ်ပါသည်။ Assignment များလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။ တစ်ကယ်နားလည်တတ်မြောက်ချင်သူများသာ Join ဖို့အကြံပြုချင်ပါသည်။
SQL Injection Basic to Advance
SQL Injection is explained in detail to ensure a thorough understanding; you will gain practical experience through real-world scenarios and lab exercises, which also include various challenges.
Wireless Hacking
ဒါကတော့ Course အတိုလေးပဲဖြစ်ပါတယ်။ Wireless Hacking ကိုသီးသန့်ပြသွားမှာဖြစ်ပြီး။ Real World ကိုစမ်းသပ်ပြသွားမှာဖြစ်ပါတယ်။ အသုံးပြုသွားသော Command Line များနှင့် အသုံးပြုသွားသော Tool များသည်။ Linux ကိုသေချာသိထားမှာသာ နားလည်နိုင်မည်ဖြစ်သောကြောင့် ဒီ Course အတွက် Linux Basic ကိုအရင်ဆုံးတတ်မြောက်ထားဖို့လုအပ်ပါသည်။ ဒီ Video သည် Education Purpose Only သာဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်နစ်နာစေလိုသောရည်ရွယ်ချက်မရှိပါ။ ဖြစ်ပေါ်လာသော ပြသနာများအတွက် စမ်းသပ်သောသူကိုယ်တိုင်မှာသာတာဝန်ရှိပါသည်။
How to Start Kali Linux
Linux အခြေခံဖြစ်တဲ့ How to Start Kali Linux ဆိုတာမှာတော့ Computer Basic ကိုကျွမ်းကျင်ထားဖို့လိုအပ်ပါတယ်။ သေချာနားလည်မှုမရှိထားရင်တော့ Linux Installation မှာပဲ ရှုပ်ထွေးမှုတွေဖြစ်လာနိုင်ပါတယ်။ Computer လိုအပ်ချက်တွေလည်းရှိလာပါပြီ။ အနည်းဆုံး System Requirement ကတော့ RAM - 4GB, CPU - i5, Graphic - 4GB, SSD or HDD - 500GB လောက်အနည်းဆုံးရှိထားဖို့လိုအပ်ပါတယ်။ Linux Basic ဖြစ်သောကြောင့် OS တစ်ခုကို အသစ်လေ့လာရမှာဖြစ်ပြီး Command Line တွေကိုလည်း သေချာလေ့လာသွားရမှာဖြစ်ပါတယ်။ ဘယ်လိုလူမျိုးတွေ Linux သုံးကြလဲ၊ ဘယ်လိုနေရာမျိုးမှာအသုံးပြုကြတာလဲ၊ ဘာကြောင့် Linux ကိုသုံးကြတာလဲဆိုတာတွေကိုပါလေ့လာသွားရမှာဖြစ်ပါတယ်။
Web-Design Basic
Web Design ဆိုတော့ အခြေခံလိုအပ်ချက်တွေရှိပါတယ်။ Computer Basic ကိုကျွမ်းကျင်ပိုင်နိုင်မှသာ Course Join ဖို့အကြံပြုချင်ပါတယ်။ Design ဖြစ်သောကြောင့် programming Language အခြေခံကို အနည်းငယ်သာထည့်သွင်းရှင်းပြသွားမှာဖြစ်ပြီး သေချာ Deep လေ့လာချင်ပါက Programming Basic တွေကိုအရင်ဆုံး တက်ရောက်ဖို့အကြံပြုချင်ပါတယ်။ ဒီ Course မှာတော့ Design အပြင် Browser နှင့် IDE တွေကြားက ချိတ်ဆက်မှုနှင့် Browser ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို လေ့လာသွားရမှာဖြစ်ပြီး Course ပြီးသွားရင်တော့ Link တွေနှင့် Programming Language အခြေခံတွေကိုကောင်းကောင်းနားလည်သွားမှာဖြစ်ပါတယ်။
Web Hacking Overview
Web Hacking course ကိုတော့ Overview အနေနဲ့ပဲ ဖန်တီးထားခြင်းဖြစ်ပြီး လူတိုင်းဗဟုသုတရအောင် Join လို့အဆင်ပြေအောင် ဖန်တီးပေးထားခြင်းဖြစ်ပါတယ်။ ဒီ Course မှတော့ ဘယ်လိုလူမျိုးတွေက Hacking ပြုလုပ်တတ်ကြလဲ၊ Hacker တွေရဲ့ ခြေလှမ်းတွေက ဘာလဲ၊ Web ကို attack လုပ်ကြတဲ့ hacker တွေ ဘယ်လိုနည်းလမ်းတွေကိုအသုံးပြုကြလဲ၊ စတဲ့ အခြေခံသဘောတရားတွေအပြင် Web Hacking ပြုလုပ်ဖို့ ဘယ်လိုနည်းလမ်းတွေရှိလဲဆိုတာပါ လေ့လာရမှာဖြစ်ပါတယ်။ သင်တန်းပြီးသွားရင်တော့ ဘာကြောင့် Hack ကြတာလဲနဲ့ ဘယ်လိုမျိုးကို Hacking လို့ခေါ်ဝေါ်တယ်ဆိုတာကိုကောင်းကောင်းနားလည်သွားမှာဖြစ်ပါတယ်။
What is Platform & how to Build
ဒီသင်ခန်းစာကတော့ Website ရေးဆွဲနည်းသင်တန်းမဟုတ်ပဲ၊ Website တွေ Platform တွေဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်လိုဖန်တီးထားတယ်၊ ဘယ်လို language မျိုးတွေသုံးပြီး Developer တွေက ဖန်တီးကြတယ်ဆိုတာကို Deep Type လေ့လာရမှာဖြစ်ပါတယ်။ အားသာချက်၊ အားနည်းချက်တွေကိုလည်း ပူးတွဲလေ့လာရမှာဖြစ်ပြီး ကိုယ်တိုင် Website တစ်ခုကို ကောင်းမွန်စွာကိုင်တွယ်နိုင် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။
Python for Beginners
Python Language ကိုစတင်လေ့လာပြီး Programming နယ်ပယ်ကို စတင်ခြေလှမ်းလိုက်ပါ။ Python Basic မှာတော့ ဘယ်လိုနေရာမျိုးတွေမှာ အသုံးပြုကြလဲ၊ ဘယ်သူတွေအသုံးပြုကြလဲ၊ Variable တွေကဘာလဲ၊ ဘယ်လိုလူမျိုးတွေ Python ကိုလေ့လာသင့်လဲဆိုတာကစတင်ပြီး python language အကြောင်းကို Stage တစ်ခုအထိ လေ့လာသွားရမှာဖြစ်ပါတယ်။
Computer Basic to Advance
Computer Basic course တွင် Computer Software/Hardware များအကြောင်းလေ့လာရမှာဖြစ်ပြီး Windows အကြောင်းကိုသေချာလေ့လာရမှာဖြစ်လို့ computer တစ်လုံးကိုကောင်းကောင်းကိုင်တွယ်နိုင်သွားမှာဖြစ်ပါတယ်။ လူတိုင်းက သုံးတော့သုံးကြတယ်။ ဒါပေမဲ့ Windows ကိုကောင်းကောင်းနားမလည်ကြသောကြောင့် ဒီ course လေးကိုဖန်တီးပေးထားခြင်းဖြစ်ပါတယ်။ ဒီ course ထဲမှာတော့ browsing နှင့် software များအကြောင်းကိုကောင်းကောင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။